ပေါင်ပဲ့လက်ကျိုး .. ရခိုင်မျိုး


အဝေး .. ရခိုင် ၊ ရခိုင်သားရို့
၁၆၆၆ ခု မဂိုအင်ပါယာ
ချဲ့ထွင်လာခါ ...
ငါရို့တိမာ
ကြံကြံခံဗျာလ် တိုက်ပြန်ကေလည်း
အနောက်တံခါး နတ်မြစ်နားထိ
ဖဲပီးလိုက်ရ
လ၀န်ဘ၀ ပဲ့ကြွီကျရေ .. လခြမ်းမြီ။

အဝေး .. ရခိုင် ၊ ရခိုင်သားရို့
ယင်းကတဖန်
ဥသြရီသောက် ထီးနန်းပျောက်တေ
ဗမာအင်ပါယာ စစ်မကြေငြာဘဲ
တိုက်ခိုက်လာပြန်
ငါရို့တိမာ ..
ထီးနန်းလည်းဆုံး၊ လွတ်လပ်ဆုံးကာ
ဘုရားလည်းယူ၊ မင်းလည်းယူလား
ပြေဓညမာ
ပီရွက်ဆွဲခါ သက်ဆက်လာရ .. ငါရို့ဘ၀။

အဝေး .. ရခိုင် ၊ ရခိုင်သားရို့
ယင်းက တဖန် အင်္ဂလိပ်ကျွန်
ဂျပန်ကျွန်နန့် ..
ကျွန်သံသရာ တ၀ဲလည်ဗျာလ်
၁၉၇၄ ခု နိုင်ငံဘ၀..
ဆင့်လျော့ကျကာ ပြေဘ၀မာ
တောင်ဘက် ပလက်ဝ
မြောက်ဘက် ဟိုင်းကြီး
ပီးလိုက်ရပြန်
ပေါင်ပဲ့လက်ကျိုး ရခိုင်မျိုး။

အဝေး .. ရခိုင် ၊ ရခိုင်သားရို့
ငါရို့တိမာ..
ဝါးစည်းပြီပိုင်
သူက တလူ ၊ ငါက တမင်းနန့်
ဒေလမ်းထဲမှာ
ချီကကြောင်း ဆတ်တကြောင်းနန့်
ဗြီးနီလို့ကား ဖြစ်ဖို့သိမ့်လား....။

ဝေဟင်အောင်
၃၁၊ ၁၂၊ ၂၀၁၃။

No comments:

Post a Comment