ရွှေ"နတ်တောင်"စာပေ ခရီး
"အာရကန် ဖူဂျီယာမာ"
ဘဲငါးရာ၏| ရင်ကြားမှာခို
မြရည်စိုလျှက်| စိမ်းညိုရစ်နွယ်
ငွေလှိုင်းငယ်နှင့်| ချစ်ဖွယ်သွယ်စီး
"စမ်းပတီး"တည့်| ချောင်းကြီးသာမော
မြစိမ်းတောနှင့်| ငေါငေါပြိုင်းပြိုင်း
တောင် တံ တိုင်းတို့ | သိုင်းဝိုင်းရံကာ| ငြိမ်းချမ်းသာသည့်
ဌာနေကိုလှမ်း| ဘဝင် လန်းမိ။
နေယွန်းဆည်းဆာ| မြောက်လေလာတော့
"နတ်တောင်"ရွာက| ဓမ္မတေးသံ
မိုးထက်လျှံ၍| ချိုညံချမ်းမြ|ကြားကြရပြီ
မင်္ဂလာရှိစွ| "နတ်တောင်"ညမှာ
ဂါမစုံညီ| ဘုံကထိန်နှင့်
တူယှဉ်ဆင်နွှဲ| "စာပေဟောပွဲ"တို့ 
ခြိမ့်ခြိမ့်သဲကာ| ပျော်စရာတည့်
ငါတို့သွေးသား| အသိပွားဖို့ 
ဟောကြားသုတ| ပေးခဲ့ရ၍
ချမ်းမြပီတိ| ကြည်နူးမိ၏
ဇာတိဒေသ| အာရက္ခမြေ
တိုးတက်စေဖို့ | စေတနာစိတ်
ယိုဖိတ်ထက်ဝှန်| အိမ်အပြန်မှာ
ကြေးစည်သံသာ| ချိုညံစွာဖြင့်
သာတောင့်သာယာ| နတ်တောင်ရွာကား
ဝေးကာ ဝေးကာ ကျန်ခဲ့ပြီ။ ။
--
-----လေးဝတီခိုင်ကျော်-----
(15-11-2013နေ့ည ပုဏ္ဏားကျွန်းမြို့နယ်|နတ်တောင် ရွာ
စာပေ ဟောပြောပွဲ အမှတ် တရ)
ဆရာသျှင်းသန့် |ဝေဟင်အောင် နန့် ရပ်သူ ရွာသားရို့ အတွက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment