အညတြသူရဲကောင်းတိ

# ဂန္တရလမ်း ခရီးကြမ်းမှာ
သုညဘ၀ ပုံစံကျဖို့ 
တူကိုင်လွကိုင် တန်းဇိုင်ကိုင်ဗျာယ်
ကိုယ်နိုင်ရာထမ်း လောကပန်းကို
ရွင်လန်းမွှီးကြူ
ချွေးခွန်အားနန့်  အလှဆင်ရေလူ။

#မဟိကိုယ်ဖန် လောကဓံကို
ကြုံရာတက်ကျိုး ရှေ့ ရောက်နိုးနန့် 
ဗျောင်းထိုးတက်ထောက်တည့်တည့်ရောက်အောင်
အံကြိတ်ဆွဲတင်
စိတ်ခွန်အားနန့် အလှဆင်ရေလူ။

#ဘ၀ကုံလုံ မပြည့်စုံလို့ 
ကြုံရာကျဘန်း ဂလီထမ်းဗျာယ်
ကျောက်ကောက်ဆိုက္ကား ငါးရှာစားလဲ
ပြည်ကြီးအရေး လက်မနှေးပေ
ရက္ခိတအား တိုးလို့ ပွါးကာ
အစိုင်သတိ ရင်မှာဟိရေလူ။

#ဒေလူတိဒေ........
လခြမ်းရင်ခွင် မုန်တိုင်းဆင်ခါ
ဘာသာဖျက်ပိုး မိစ္ဆာမျိုးကို
အမြစ်ပြုတ်ဖြိုချ
ရက္ခိတအလှ
ရာဇ၀င် တွင်စီခရေယေ.....။

သျှင်းသန့် (ပုဏ္ဏားကျွန်း).

ရက္ခိတလမ်း

ရခိုင်စာ ရခိုင်စကား
ရခိုင်အား ရခိုင်မာန်
ရခိုင်ဟန် ရခိုင်မှု
ရခိုင်ထုလက်မာ……
ရခိုင်မြီ ရခိုင်မျိုး
ရခိုင်ရိုးနန့်ရခိုင်မြစ်
ရခိုင်ချစ်တိလက်မာ……
ရခိုင်မာ ရခိုင်ဟိ
ရခိုင်အသိနန့် သတိဝင်
ရခိုင်ကိုဦးတင်ထမ်း
မယိုင်တမ်း ခိုင်ခိုင်လှမ်း
ရခိုင်ရို့လမ်း………။

(လေးဝတီခိုင်ကျော်)(3/7/2013-ဗုဒ္ဓူး)

ချိုက်သမီး -- ဝေသို့---


ချိုက်သမီးသျှေ- ဝေ

ချိုက်သမီး
တရားလည်းပျက်
ဖရားပျက်နန့်
သစ္စာပျက်လည်း
ပြည်ဓညမာ ပေါများရေ။

ချိုက်သမီး
သမိုင်းလည်း လု
မြီလည်း လုဗျာလ်
မိစ္ဆာအယူ ဒိဋိတိလည်း
ပြည်ဓညမှာ ပေါများလာရေ။

ချိုက်သမီး
အချိန်ဟိခိုက်
ပညာလိုက်ဗျာလ်
ကိုယ်လမ်းကိုယ်လျှောက်
ဖြောင့်ဖြောင့်လျှောက်ဗျာလ်
ပြည်ဓညကို လားကြည့်ဇီချင်
ဘာဘာ ဆန္ဒပြုမိယင့်။

ချိုက်သမီး
ညိဉ်ခင်းကြောင်တောင်
အလင်းရောင်မာ
အရှိ အနောက် တောင် မြောက် မသိ
လမ်းပျောက်နီသူလည်း ဟိနီရေ။

ချိုက်သမီး
လမ်းမပျောက်ဘဲ
ခံယူချက်ကို မယိမ်းယိုင်ဘဲ
နှောင်းနှောင်း ဆုပ်ကိုင်
ရှိကိုချီတက် မတွေးဝေဘဲ
အမျိုးကိုစောင့် သီလစောင့်ဗျာလ်
ဌာနကိုလည်း စောင့်ပါစီလေ သမီးသျှေ။

ချိုက်သမီး
ခေတ်ဆိုး ခေတ်ယုတ် စနစ်ယုတ်မာ
သမီးလိမ္မာ သတိဆင်း၍
သတိနန့်ဆင်း ဥာဏ်ခြင်၍
လိုရာ ခရီး ရောက်အောင် မောင်း၍
ပြည်ဓညကို စောင့်ရှောက်ပါလေ သမီးသျှေ၊
ထိမ်းသိမ်းပါလေ သမီးသျှေ။

သျှင်သွီး(နတ်တောင်)
၂၀၊ ၉၊ ၂၀၁၃။ ညဥ့် ၁၀း၅၆ နာရီတွင် ရွီးဖွဲ့သည်။ အေကဗျာကို စပ်တုန်းကတော့ ကာရံယူပြီးကေ စပ်စော်ပါ။ စပ်တွင်း စပ်တွင်း ကာရံပျောက်လားရေ - (ဖခင် တစ်ယောက်ဧ့ ခံစားချက် မော်ဒန်ကဗျာဖြိုက်လားရေ)

ရွက်နုတိဝီ


မေတ္တာခေါင်းပါး
နွီရွာကြားမှာ...
အဝတ်စား ဗလာ၊ ငါလျှောက်လာလည်း...။

အကြင်နာခေါင်းပါး
နွီရွာကြားမှာ...
အစားစာ ဗလာ၊ ငါလျှောက်လာလည်း...။

စေတာနခေါင်းပါး
နွီရွာကြားမှာ...
အင်အားဗလာ၊ ငါလျှောက်လာလည်း...။

ငါကား မသီ
ချီမြဲချီလျက်။

ရွက်ကျင်လီသွန်၊ ရာသီပြန်ကေ
ထက်သန်စွမ်းအား၊ ငါ့သွီးသားက
ပေါက်ဖွားစီရီ၊ ဖူးညှောက်စီဗျာ
နီမြန်းတက်ကြွ၊ ငါ့အလှကို
ဝမ်းသာအားရ ကြည့်ကတ်လီ။
.......၀.......
လေးဝတီ ခိုင်ကျော်
(ရခိုင်သဟာယမဂ္ဂဇင်း အမှတ်(၆) မှ)

ကြိုးပြတ်လားရေ ပခက်


 
 
အီးယောင်လွှဲရေ ပခက်သျှေ
ကကောင်း အီးမြရေ၊
ခြီချေလက်သျှေ လှုပ်လို့က
အီးယောင်ကြည့်မ၀။

ဆိုပြ ရီးပြ အက္ခရာ
သားလှ မမိပါ၊
ဆရာကျောင်းမာ အပ်ဗျာလ်ထား
ဘာဘာ တာဝန်လား။

ဖရား တရား သင်္ခါကို
ချိန်တိုင်း ဆည်းကပ်လို၊
ညီကို မောင်နှမ သူငယ်ချင်း
အီးမြမေတ္တာလင်း။

ကျင်ကွင်း ရထားပြိုင်လောင်းမကျန်
ရိုးရာ သံကျပ်ဝီ၀ီညံ၊
စာသံပီသံ ယင်းသဘော
ဖော်ပြ ထိုမနော။

ထိုရော ဒေရော ဟင်းပေါင်းပိုင်
ဒေနိ မျိုးရခိုင်၊
ကိုယ်ပိုင်နာမ ချောင်းထဲကျ
ရှာလို့ဖွီလို့မရ။

မိဖ ဖိုးဖီး အဇူအဇာ
ထိန်းခ ထိုရိုးရာ၊
ဂုခါ သားချစ် အမင်မကြိုက်
နော်ကဆံထုံးကို ကိုက်။
ဖိုးထိုက်တန်ယင့် ရက္ခမြီ
ငါရို့တာဝန်မကျီ၊
ပျက်လီပြိုလီ ၀ဲသတ်ထား
နောင်လာ “ယကိုင်တား”။

သျှင်သွီး(နတ်တောင်)
၁၇၊ ၉၊၂၀၁၃။

ရီနောက်မှာ ခြီရာဖျောက်ခံခြင်း

%% သဖြန်းသီးအသွင်
ပဒိုင်းသီး အဆင်အယင်နန့်
နီကြတ်လကြတ် ခံရရေဘ၀မှာ
အချိုပေါ်သကာမလောင်းစွာလဲကြာဗျာယ်။


%% မ၀ရီစာ စားပြီး
ခွက်ပေါက်နန့် ရီသောက်
ဖနပ်ပေါက်နန့် လမ်းလျှောက်
အိပ်မက်ပျောက်ညဉ့်တိလဲမကန်ဗျာယ်


%% အိမ်နားကလူ
အီးချမ်းမှုကို လုယူလခရေခါ
လဒမှိုင် မှိုင်ယင်း
ထမင်းတလုတ် ရီတမုတ်
ပျားရည်တဒုတ်နန့်
ဝမ်းနှုတ်ခံရစွာလဲ အခါခါဗျာယ်။


%% ရီနောက်မှာ
ခြီရာဖျောက်ခံရရေ ဉသြ
ရီမသောက်ခကေ
လမ်းပျောက်စရာလဲမဟိ
နွမ်းခြောက်စရာလဲ မဟိဗျာယ်ယေ။


သျှင်းသန့် ( ပုဏ္ဏားကျွန်း)

မိုးမျှော် စိုင်းဒြားချေတိ

$$$ လောင်မြိုက်ခြင်းအနန္ဒနန့် 
ချွေးသိပ်ခြင်းမခံရရေစိုင်းဒြားချေတိ
အာရက္ခမြီတလင်းမှာ
ခြီစုံပစ်သူကပစ်
ရီစုန်နစ်သူကနစ် ။

$$$ ဦးနှောက်အတွက်
အဟာရမသောက်သုံးရရေ
ကမ္ဘာ့ ရွာတနီရာမှာ
အမွီခံစိုင်းဒြားချေတိ
စန္ဒာသူရိယကို မသိ
ဝေသာလီဘုရားကိုမသိ
မင်းထီးကိုမသိ
မင်းဘာကြီးကိုမသိ
မုနိပျောက်စွာကိုမသိ
ဦးဉတ္တမကိုမသိ
တော်လ်တွိုင်းကိုမသိ
တောင်ကျောင်းဆရာတော်ကိုမသိ
ဦးဦးသ့ထွန်းကိုမသိ
မသိ..မသိ..မသိ
မသိခြင်းတိနန့် လုံးသတ်
စုတ်ပြတ်သတ်ဘ၀နန့် 
လခြမ်းအနာဂတ်ကိုထုဆစ်နီဂတ်ယင့် ။

$$$ ခရီးလွန်ဒေါင်းရံ လခြမ်းကိုမပြန်
အစိမ်းစားက၀ိကျော်ရို့ လခြမ်းမှာမပျော်ဂတ်ဗျာယ်။
ယကေ.......
မီးဇာမလင်းရေ လခြမ်းပုံဆီမီးခွက်ကို
ဇာသူရို့လာလို့မီးထွန်းဂတ်ဖို့လဲဂု။

$$$ ဟောင်းလောင်းပြင်အူမ့
မညီမျှရေဓာတ်ကြီးလေးပါးနန့်
အတောင်ကျိုး ၊အတောင်ကျွတ်
အတောင်ပြတ်နီရေ စိုင်းဒြားချေတိ
လခြမ်းမှာရွာဖို့မိုးကိုမျှော်နီဂတ်ယင့် ။

သျှင်းသန့် :-( ပုဏ္ဏားကျွန်း:-)

အချေတိအနာဂတ်အတွက်ဒေနိလူကြီးတိအားလုံးမှာတာဝန်ဟိပါရေ ။

ဇရာဝတ်


Photo: ဇရာဝတ် 
---------
အရိုးတို့ စိုက်ထူကာ
အသွေးအသားတို့ လိမ်းကျံ၍
ခန္ဓာကိုယ်တည်းဟူသော မြို့ကြီးကို
တည်ဆောက်ထား၏။

ထိုမြို့၌
အိုခြင်း၊ သေခြင်း၊
မနထောင်လွှားခြင်း၊ 
ကျေးဇူးကန်းခြင်း ... တို့သည် 
တည်ရှိလျက် ရှိလေ၏။

အဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ၊ 
ယတ္တဇရာ စ မစ္စုစ၊ မာနော မက္ခောစ သြဟိတော။ 
(လူမှုနီတိ)

ဝေဟင်အောင်
၁၅၊ ၉၊ ၂၀၁၃။
အရိုးတို့ စိုက်ထူကာ
အသွေးအသားတို့ လိမ်းကျံ၍
ခန္ဓာကိုယ်တည်းဟူသော မြို့ကြီးကို
တည်ဆောက်ထား၏။

ထိုမြို့၌
အိုခြင်း၊ သေခြင်း၊
မနထောင်လွှားခြင်း၊
ကျေးဇူးကန်းခြင်း ... တို့သည်
တည်ရှိလျက် ရှိလေ၏။

အဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ၊
ယတ္တဇရာ စ မစ္စုစ၊ မာနော မက္ခောစ သြဟိတော။
(လူမှုနီတိ)

ဝေဟင်အောင်
၁၅၊ ၉၊ ၂၀၁၃။

ရခိုင်ငပိ

ကျမိကျရာကား ..... တစ်ခု
ဟိုလူလာလည်း .... ထောင်း
ဒေလူလာလည်း ... ထောင်း
တဂျောင်းဂျောင်းနန့်
ရီထဲမှာနီကေလည်း ... မအီးချမ်း
ကုန်ထက်ကို တက်လာကေလည်း..
အထောင်းခံရ ..
အော်.. ငါဘ၀.. ငါ့ဘ၀..။

သျှင်သွီး(နတ်တောင်)
၁၄၊ ၉၊ ၂၀၁၃။

လိုအပ်တေပိုင် တွေးပနာ ကြိုက်တေပိုင် မှတ်ချက်ပြုလီကတ်ဖိ။ အိမ်ရှင်မ ငရုတ်သီးကြိတ်နီရေ အသံကိုကြားလို့ ကဗျာစပ်မိစော်.. ဒေပိုင် တစ်ခု ထွက်ကျရေ .. ဘရို့လိုင်..။

ဂုဏ်ယူပါတယ်..


Photo: ယနေ့ တောင်ကုတ်မြို့မှ ဘင်္ဂလီများကိုအိမ်ဆောက်ပေးမည့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့သော ကိုမင်းထွန်း၊ ကိုစိုးဝင်းနှင့် ကိုသန်းလွင်စိုး ဆန္ဒခေါင်းဆောင်သုံဦးအား ထောင် ၃လစီချမှတ် ခဲ့မှုအတွက် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့သည်။ 

ဂုဏ်ယူပါတယ်..
-------------
ထောင်လိုက်စမ်းပါ
ခင်ဗျာ ထောင်တဲ့ လက်မ
ကုဋေတစ်သန်းနဲ့တောင် မလဲနိုင်ဘူး။

မဟုတ်တရုတ် ဒီမိစ္ဆာတွေကို 
ဒို့မြေပေါ်မှာ လက်ခံထားတာတောင်
လွန်နေပြီ။ 

ရိပ်နေနေ အခက်ချိုးချိုး
ဒီတိရစ္ဆာန်မျိုးက
ကျေးဇူးကိုမှ မထောက်
မြေပါ လုဖို့ကြံသေး
ရာဇ၀င် ရိုင်းခဲ့တယ်။

ခင်ဗျာ.. လက်မ ထောင်လိုက်စမ်းပါ
ထောင်ဆိုတာ ယောက်ကျားကောင်းတွေအတွက်
ခေါင်းမော့ ရင်ကော့ပြီးတော့ ၀င်ရမယ့်နေရာ
တစ်သက်မှာ  တစ်ခါ 
တစ်ခါမှာမှ တစ်ခေါက်
ဒီထောင်ပေါက်ဝမှာ 
ခင်ဗျာတို့ကို ကြိုမယ့်သူကတွေ 
ပန်းပန်လျှက်ပါပဲ...။ 

ဝေဟင်အောင်
၁၃၊ ၉၊ ၂၀၁၃။
ထာင်လိုက်စမ်းပါ
ခင်ဗျာ ထောင်တဲ့ လက်မ
ကုဋေတစ်သန်းနဲ့တောင် မလဲနိုင်ဘူး။

မဟုတ်တရုတ် ဒီမိစ္ဆာတွေကို
ဒို့မြေပေါ်မှာ လက်ခံထားတာတောင်
လွန်နေပြီ။

ရိပ်နေနေ အခက်ချိုးချိုး
ဒီတိရစ္ဆာန်မျိုးက
ကျေးဇူးကိုမှ မထောက်
မြေပါ လုဖို့ကြံသေး
ရာဇ၀င် ရိုင်းခဲ့တယ်။

ခင်ဗျာ.. လက်မ ထောင်လိုက်စမ်းပါ
ထောင်ဆိုတာ ယောက်ကျားကောင်းတွေအတွက်
ခေါင်းမော့ ရင်ကော့ပြီးတော့ ၀င်ရမယ့်နေရာ
တစ်သက်မှာ တစ်ခါ
တစ်ခါမှာမှ တစ်ခေါက်
ဒီထောင်ပေါက်ဝမှာ
ခင်ဗျာတို့ကို ကြိုမယ့်သူကတွေ
ပန်းပန်လျှက်ပါပဲ...။

ဝေဟင်အောင်
၁၃၊ ၉၊ ၂၀၁၃။
 
ယနေ့ တောင်ကုတ်မြို့မှ ဘင်္ဂလီများကိုအိမ်ဆောက်ပေးမည့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့သော ကိုမင်းထွန်း၊ ကိုစိုးဝင်းနှင့် ကိုသန်းလွင်စိုး ဆန္ဒခေါင်းဆောင်သုံဦးအား ထောင် ၃လစီချမှတ် ခဲ့မှုအတွက် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့သည်။ 

ရင်မာလှိုက်ဖို့  ယှိုက်လို့ ငို

 Photo: အို-မြတ် ဗုဒ္ဓ                နိမ္ဗာန်ကြွလည်း
ကျန်ခ ရုပ်ပွား ကိုယ်စား တော်မြတ်
ဆိုး ဝိပါတ် နန့်             မလွတ်ကျွတ်ဘဲ
ဝတ် ဟိ သိလား            ခြုံရိုင်း ကြားမာ
ပြားဝပ်ပိမြုပ်                  မတုန်လှုပ်ဘဲ
ဒုက္ခစရိယာ                  ကျင့်နီ စွာလား
ရင်မာလှိုက်ဖို့               ယှိုက်လို့ ငို။

လေးဝတီ ခိုင်ကျော် (ဆရာ Comment ကို သဘောကျလို့ ပြန်တင်ပီးလိုက်စော်ပါရာ)
အို-မြတ် ဗုဒ္ဓ နိမ္ဗာန်ကြွလည်း
ကျန်ခ ရုပ်ပွား ကိုယ်စား တော်မြတ်
ဆိုး ဝိပါတ် နန့်  မလွတ်ကျွတ်ဘဲ
ဝတ် ဟိ သိလား ခြုံရိုင်း ကြားမာ
ပြားဝပ်ပိမြုပ် မတုန်လှုပ်ဘဲ
ဒုက္ခစရိယာ ကျင့်နီ စွာလား
ရင်မာလှိုက်ဖို့  ယှိုက်လို့ ငို။

လေးဝတီ ခိုင်ကျော်

လားဖန် စောက်စောက်...။


Photo: လားဖန် စောက်စောက်...။
-----------
**သတိနန့် ဆင်    ဥာဏ်နန့် ခြင်
ခရီးလားဖို့  အသင့်ပြင်၊
အယင်လိုလို့   အမှားများ
လမ်းကြောင်း   လွဲချော်လား။

**မှန်းထားစွာက တစ်ခုရာ
ဖြိုက်ခါ တစ်ခုပါ။

**၀မ်းစာကျောင်းဖို့    ပညာကင်း
အချိန်ဟိခါ   ကိုငပျင်း။

**ပန်းခင်းလမ်းထက် လျှောက်ချင်ရေ
အလုပ်သက်သီတည်၊
ဈီးသည် ငါးဖမ်း သျှင်ရဟန်း
မတူညီရေ  လမ်း။

**စခန်းတစ်ခု ဦးတည်ဗနာ
လျှောက်လို့ ချောက်လို့လာ ၊
ခန္ဓာလည်းနွမ်း စိတ်ဇောသန်
ထပ်လျှောက် အကန်းကန်း၊
လားဖန်စောက်စောက် ခရီးမရောက်
ဘ၀ ကား ကြီးမှောက်။ 

သျှင်သွီး(နတ်တောင်)
၁၃၊ ၉၊ ၂၀၁၃။
**သတိနန့် ဆင် ဥာဏ်နန့် ခြင်
ခရီးလားဖို့ အသင့်ပြင်၊
အယင်လိုလို့ အမှားများ
လမ်းကြောင်း လွဲချော်လား။

**မှန်းထားစွာက တစ်ခုရာ
ဖြိုက်ခါ တစ်ခုပါ။

**၀မ်းစာကျောင်းဖို့ ပညာကင်း
အချိန်ဟိခါ ကိုငပျင်း။

**ပန်းခင်းလမ်းထက် လျှောက်ချင်ရေ
အလုပ်သက်သီတည်၊
ဈီးသည် ငါးဖမ်း သျှင်ရဟန်း
မတူညီရေ လမ်း။

**စခန်းတစ်ခု ဦးတည်ဗနာ
လျှောက်လို့ ချောက်လို့လာ ၊
ခန္ဓာလည်းနွမ်း စိတ်ဇောသန်
ထပ်လျှောက် အကန်းကန်း၊
လားဖန်စောက်စောက် ခရီးမရောက်
ဘ၀ ကား ကြီးမှောက်။

သျှင်သွီး(နတ်တောင်)
၁၃၊ ၉၊ ၂၀၁၃။

အာဂ...ရခိုင်သား


အရှေ့ဖက်လူ ဂုတ်သွေးစုတ်လျှက်
အနောက်က ကမ်းပြိုကျ
မြေပေါ်မြေအောက် လောက်ဖောက်သောက်ပြီ ....။
အလယ်မှာ ပုလင်ထောင် ၀ိုင်းဖွဲ့လျှက်
သမိုင်းကို အာဂုံရွတ်နေတဲ့
ဒီလူတစ်စုက
မှောက်လျှက်လဲကျမှ
သူရဲကောင်းလို့ အော်.. နေတယ်...။

ဝေဟင်အောင်
၂၂၊ ၈၊၂၀၁၃။

ဘူလှဆွေသို့....


အရိုးကို အရွတ်မဖုံးဖို့
ဓားထမ်းပြီး ပြောချင်လည်း ပြောရမယ်...လှဆွေရယ်..။

အသက်ကို စတေးခံနိုင်ပေမယ့်
မျိုးပျက်တော့ မခံနိုင်ဘူး .. လှဆွေ..။

အသက်နဲ့ လူလုပ်နေတာ မဟုတ်ပေမယ့်
အရှက်နဲ့ လူလုပ်နေတာပါ လှဆွေရယ်..။

မင်းပြောတဲ့ .. ဥပဒေ
ငါ ထုံးလိုမွှေ .. ရေလိုလည်း နှောက်ခဲ့ပြီ..။

ဒါပေမယ့် .. ဒါပေမယ့်ပေါ့.. လှဆွေရယ်
ငါမတွေ့ခဲ့တာတော့ အမှန်ဘဲ။
Photo: ဘူလှဆွေသို့....
-------------
အရိုးကို အရွတ်မဖုံးဖို့
ဓားထမ်းပြီး ပြောချင်လည်း ပြောရမယ်...လှဆွေရယ်..။

အသက်ကို စတေးခံနိုင်ပေမယ့်
မျိုးပျက်တော့ မခံနိုင်ဘူး .. လှဆွေ..။

အသက်နဲ့ လူလုပ်နေတာ မဟုတ်ပေမယ့်
အရှက်နဲ့ လူလုပ်နေတာပါ လှဆွေရယ်..။

မင်းပြောတဲ့ .. ဥပဒေ 
ငါ ထုံးလိုမွှေ .. ရေလိုလည်း နှောက်ခဲ့ပြီ..။

ဒါပေမယ့် .. ဒါပေမယ့်ပေါ့.. လှဆွေရယ်
ငါမတွေ့ခဲ့တာတော့ အမှန်ဘဲ။

ခွေးပါးစပ်က နတ်စကားပြောတော့
လူလုပ်တဲ့ ငါတို့က ခံရုံက တစ်ပါး မရှိတော့ပါဘူး.. လှဆွေရယ်..။ 

လှဆွေရယ်.. 
မင်းမျိုးမင်းဆွေတွေ
ခဏကလေးဖြစ်ဖြစ်
ဒုက္ခဘုံဖြစ်တဲ့ .. ငါတို့နေရာမှာ
တန်တူရေးဖြစ်အောင် လာနေကြည့်ပါ ..။

ဒုက္ခဆိုတဲ့စကား ငါမပြောရက်ပေမယ့်..
မင်းသားသမီးတွေတော့ မျိုးပျက်မှာ 
သေချာတယ်. ဘူလှဆွေရယ်..။ 

ဝေဟင်အောင်
၂၅၊ ၈၊ ၂၀၁၃။
ခွေးပါးစပ်က နတ်စကားပြောတော့
လူလုပ်တဲ့ ငါတို့က ခံရုံက တစ်ပါး မရှိတော့ပါဘူး.. လှဆွေရယ်..။

လှဆွေရယ်..
မင်းမျိုးမင်းဆွေတွေ
ခဏကလေးဖြစ်ဖြစ်
ဒုက္ခဘုံဖြစ်တဲ့ .. ငါတို့နေရာမှာ
တန်တူရေးဖြစ်အောင် လာနေကြည့်ပါ ..။

ဒုက္ခဆိုတဲ့စကား ငါမပြောရက်ပေမယ့်..
မင်းသားသမီးတွေတော့ မျိုးပျက်မှာ
သေချာတယ်. ဘူလှဆွေရယ်..။

ဝေဟင်အောင်
၂၅၊ ၈၊ ၂၀၁၃။

အိပ်မောကျ ကစ္ဆပ သို့ 


*ရီပြာစိမ်းမြ ကစ္ဆပ သာလီသာစွ ကစ္ဆပ
အာရက္ခရို့  ကစ္ဆပ--ငါရို့ ကစ္ဆပ
ဗျာဒိတ်တော်ရ---ကစ္ဆပ
တသွင် သွင် စီးကျ---ကစ္ဆပ---။
*သဇင် ပန်းခိုင် တမြိုင်မြိုင်
ဇာပိုင် ဇာပိုင် ဖြစ်လားလေ
လက်ယာ လက်ဝဲ ကိုးဆယ့်ကိုးမြို့ 
ဇာမာပုန်းလို့  ပျောက်နီလေ--
အနုပညာ ဗိသုကာ
ဇာပိုင် နိမ့်လား ခလီလေ---
ပညာ အ မော် ကဝိကျော်
ထွန်းပေါ် မလာစွာ ကြာဗျယ် လေ-
သားကောင်း မဟာ မျိုးရာဇာ
ဇမ္ဗူကျော်ခစွာ ဇာမာလေ--
ဆန် ရီ စပါး သား ငါး သီးနှံ
ပေါပြည့် လျံ စွာ ဇာမာလေ---
အ နောက် တိုင်း ကုန် သ ဘောင်္တိ အခါခါ
ဝင် ထွက်လီ ခစွာ ဇာမာလေ---
စစ်ချီတက်သံ စစ်မောင်းသံ
သောသော ညံခစွာ ဇာမာလေ---
စစ် အောင် လံ တော် တလူလူ
ရွှင့်ထူနိုင် ခစွာ ဇာမာလေ---
အောင် စည် အောင် မောင်း ခြိမ့်ခြိမ့်ညောင်းလို့ 
ရွှီထီးဆောင်း ခစွာ ဇာမာလေ---
၁၂ မြို့ ဘင်္ဂါ အုပ်စိုးဗျာ
ဘုန်းမီးတောက် ခစွာ ဇာမာလေ---
ဗဟိုရ် စည်သံ အာကာယံမာ
မြည်သံဟိန် ခစွာ ဇာပိုင်လေ---
အမျိုးသီလ နှစ်ဌာနကို
စောင့်ရှောက်ခကတ်စွာ ဇာမာလေ---
အားလုံး ထိုရောက် ဒေရောက်ပျောက်--ပျောက်--ပျောက်---ပျောက်--။
*ဥသြရီသောက်
ကစ္ဆပ အိပ်ဆီးသောက်ပျာ
ကာလနဂါးနန့်  အပြိုင် အိပ်နီယင့်--
လောကကြီကို မိန့် နီန် ယင့်---
သားသျှေ သမီးသျှေ မြီးသျှေ မြစ်သျှေ--တီ--တွတ်သျှေတိ
ထိုရောက် ဒေရောက် တစတစ ပျောက်--ပျောက်--ပျောက်---
က ရောက် က ထောက်
ရှိကပုံရိပ် မှုန် ဝါး ပျောက်---။
*သြော်-ကစ္ဆပ-ကစ္ဆ-ထ--ထ--ထ
ကြက်ဖ သျှေ က တွန် နီ ဗျယ်
ရောင် နီ သျှေက လာနီ ဗျယ်
ကစ္ဆပ ထချိန် တန်နီ ဗျယ်---
အဖ ရင် ခွင် အားတင် မောင်းလို့ 
တသွင် သွင် စီးပါ ကစ္ဆပ---။



လေးဝတီ ထွန်းစိုးခိုင်
၂၆-၁-၂၀၁၁(ဗုဒ္ဓဟူးနိ)

မြောက်ဦး .. မျက်ရည်..



** သမိုင်းခေတ်ဦး မြို့မြောက်ဦးသို့
အလယ်တစ်ခေါက် ရောက်ခရေ ..။

** ဘုရားအိုအို ကျောင်းအိုအိုနန့်
ဇရပ်လည်းအို .. ဆွီးမြေ့ တံတိုင်း
ဘုရားခေါင်းကျိုး .. မြို့ရိုးပျက်ကိုလည်း တွိ့ခရေ ..။

**တောင်ထိပ်ထိုထို.. စေတီအိုရို့
ထုံး ဖြူမဟိ .. ရေညှိတက်ဗျာလ်
အငိုမျက်ရည် .. ဆင်နီစော်လည်း တွိ့ခရေ..။

**ခေါင်းပြတ်ဘုရား.. ဟိုနား ဒေနား
ပြုပြင်သူမဟိ ..
မင်းစောမွန်ကို မျှော်နီရေလို့
ပြောသံတိလည်း .. ကြာခရေ.. ။

**မင်းဘာဘုရင် .. တည်ထားလီရေ
ဇာတီ ပုထိုး အမျိုးမျိုးလည်း
တောပျက် အုံပျက် ..
ခြုံတောထဲမှာ .. တွိ့ခရေ ..။

**အော်.. မြောက်ဦးကပြန်
မြောက်မြို့ရိုးကြား
ပြန်ကြည့်မိသော် ..
သမိုင်းထဲက .. လွတ်ကနဲ့ ထွက်ကျ
မျက်ရည်စဖြင့် ..
ရင်နာနာနန့် ကြည့်နီယင့်..။

ဝေဟင်အောင်
၃၀၊ ၈၊ ၂၀၁၃။

အနောက်တံခါး .. ကျေးဇူးရှင်..သို့..


*#* သောက်ရှက်လည်း ကွဲ
သောက်ကျိုးလည်း နည်းခဲ့ပြီ...။

*#* ကျွေးသမျှစား .. ပေးသမျှယူ
ခုတော့ ဘာတတ်နိုင်တော့မှာလဲ..။

*#* အနောက်တံခါးက .. ၀င်ထွက်သမျှ
ငါ.. စားလေတော့
ငါက ..စားဖားပေါ့..။

*#* စားတုန်းကတော့ ပြုံးပြုံး
အခုတော့ လူညွှန့်တုံးပြီ...။

*#* အစားများတော့
မျိုးဂုဏ် မာန .. ခ၀ါချပြီ
ဇာတိမာန်ပျောက် .. လောက်ဖောက်သောက်လေရဲ့..။

*#* မိဘပေးတဲ့ အမွေ
လ၀ကကို ..ငါရ..
ဂွင်ကျလေသမျှ ပျော်ခဲ့ရတာ..။

*#* တမလွန်မှာ .. ဗိုလ်ချုပ်နဲ့ တွေ့တော
ဘာပြန်ပြောရမလဲ..
ရှက်လိုက်တာများကွ ... ကိုယ်မျက်နှာကို
ကိုယ်လှီးပစ်လိုက်လို့ကလည်း မဖြစ်
နက်ဖြန် မျက်နှာသစ်ဖို့ လိုသေးတယ်...။

ဝေဟင်အောင်
၁၊ ၉၊ ၂၀၁၃။

ကျေးဇူးရှင် လ၀ကများသို့ ရေးဖွဲ့သည်။ ၀န်ခံချက် - ဆရာမောင်ကျီစယ် ကဗျာကို ခံစားရင် ပြန်လည်ရေးဖွဲ့သည်။

မဏ္ဋိုင် သာစွ သာစွလေ

မွီး ရပ်မြီမာ

စာတီ ဆူ ဆူ ထုံးဖြူဖြူ နန့် ။

မွီး ရပ် မြီ မာ

တဝီဝီ ညံ သံစည်သံ နန့် ။

မွီး ရပ် မြီ မာ

သာ ဓု ခေါ် သံ မျှ ဝီ သံနန့် ။

ဒေ မြီ ဖွား ရို့  စိတ်ထားခိုင် မာ

ပြတ်သားစွာ နန့်  အမျိုးဇာတိ

မြဲစောင့်သိပျာ ရက္ခိတ တရား

ပြန့် ပွား စည် ပင် နွယ်ခြုံ ငင်သို့ 
တနွယ်ငင် လာ တစင် ပါကတ်

ညီညာ ပေါင်းရုံး စည်းလုံပိုင် ပိုင်

ကျောက်တိုင် တမျှ မြဲခိုင် လှ သည်

မဏ္ဋိုင် သာ စွ သာ စွ လေ။ ။

လေး ဝတီ ခိုင် ကျော်(15-1-1999)/ဘူးသီးတောင်
(ဒိုင်ယာရီ ဟောင်းထဲက ကဗျာများ)

ဝံသာနု စိတ်ဓာတ်

သားသမီးဝတ် ငါးပါးမှာ
တစ်ပါး ၀င်အပါ။

အမျိုးဂုဏ်သာ စောင့်ပါမှ
အမျိုးချစ်မည်ပ။

မြေမျိုသည်က မကောင်းတာ
အမျိုးမပျောက်ပါ။

လူမျိုးရင်သာ လူမျိုးပျောက်
အားလုံး ဒုက္ခရောက်။

အမျိုးပျောက်မှာ စိုးကြောက်ပါ
ကျွန်ဖြစ်နွံနစ်မှာ။

သွေးနှောငါ ငါတို့မုန်း
လူမျိုးအညွှန့်တုံး။

ဒုတိယတန်းအထွေထွေဘာသာ“စာရိတ္တနှင့် ပြည်သူ့နီတိ”မှ ကူးယူထားဖော်ပြသည်။

ဝေဟင်အောင်
၆၊ ၉၊ ၂၀၁၃။