မိုးမျှော် စိုင်းဒြားချေတိ

$$$ လောင်မြိုက်ခြင်းအနန္ဒနန့် 
ချွေးသိပ်ခြင်းမခံရရေစိုင်းဒြားချေတိ
အာရက္ခမြီတလင်းမှာ
ခြီစုံပစ်သူကပစ်
ရီစုန်နစ်သူကနစ် ။

$$$ ဦးနှောက်အတွက်
အဟာရမသောက်သုံးရရေ
ကမ္ဘာ့ ရွာတနီရာမှာ
အမွီခံစိုင်းဒြားချေတိ
စန္ဒာသူရိယကို မသိ
ဝေသာလီဘုရားကိုမသိ
မင်းထီးကိုမသိ
မင်းဘာကြီးကိုမသိ
မုနိပျောက်စွာကိုမသိ
ဦးဉတ္တမကိုမသိ
တော်လ်တွိုင်းကိုမသိ
တောင်ကျောင်းဆရာတော်ကိုမသိ
ဦးဦးသ့ထွန်းကိုမသိ
မသိ..မသိ..မသိ
မသိခြင်းတိနန့် လုံးသတ်
စုတ်ပြတ်သတ်ဘ၀နန့် 
လခြမ်းအနာဂတ်ကိုထုဆစ်နီဂတ်ယင့် ။

$$$ ခရီးလွန်ဒေါင်းရံ လခြမ်းကိုမပြန်
အစိမ်းစားက၀ိကျော်ရို့ လခြမ်းမှာမပျော်ဂတ်ဗျာယ်။
ယကေ.......
မီးဇာမလင်းရေ လခြမ်းပုံဆီမီးခွက်ကို
ဇာသူရို့လာလို့မီးထွန်းဂတ်ဖို့လဲဂု။

$$$ ဟောင်းလောင်းပြင်အူမ့
မညီမျှရေဓာတ်ကြီးလေးပါးနန့်
အတောင်ကျိုး ၊အတောင်ကျွတ်
အတောင်ပြတ်နီရေ စိုင်းဒြားချေတိ
လခြမ်းမှာရွာဖို့မိုးကိုမျှော်နီဂတ်ယင့် ။

သျှင်းသန့် :-( ပုဏ္ဏားကျွန်း:-)

အချေတိအနာဂတ်အတွက်ဒေနိလူကြီးတိအားလုံးမှာတာဝန်ဟိပါရေ ။

No comments:

Post a Comment