ချိုက်သမီး -- ဝေသို့---
ချိုက်သမီးသျှေ- ဝေ
ချိုက်သမီး
တရားလည်းပျက်
ဖရားပျက်နန့်
သစ္စာပျက်လည်း
ပြည်ဓညမာ ပေါများရေ။
ချိုက်သမီး
သမိုင်းလည်း လု
မြီလည်း လုဗျာလ်
မိစ္ဆာအယူ ဒိဋိတိလည်း
ပြည်ဓညမှာ ပေါများလာရေ။
ချိုက်သမီး
အချိန်ဟိခိုက်
ပညာလိုက်ဗျာလ်
ကိုယ်လမ်းကိုယ်လျှောက်
ဖြောင့်ဖြောင့်လျှောက်ဗျာလ်
ပြည်ဓညကို လားကြည့်ဇီချင်
ဘာဘာ ဆန္ဒပြုမိယင့်။
ချိုက်သမီး
ညိဉ်ခင်းကြောင်တောင်
အလင်းရောင်မာ
အရှိ အနောက် တောင် မြောက် မသိ
လမ်းပျောက်နီသူလည်း ဟိနီရေ။
ချိုက်သမီး
လမ်းမပျောက်ဘဲ
ခံယူချက်ကို မယိမ်းယိုင်ဘဲ
နှောင်းနှောင်း ဆုပ်ကိုင်
ရှိကိုချီတက် မတွေးဝေဘဲ
အမျိုးကိုစောင့် သီလစောင့်ဗျာလ်
ဌာနကိုလည်း စောင့်ပါစီလေ သမီးသျှေ။
ချိုက်သမီး
ခေတ်ဆိုး ခေတ်ယုတ် စနစ်ယုတ်မာ
သမီးလိမ္မာ သတိဆင်း၍
သတိနန့်ဆင်း ဥာဏ်ခြင်၍
လိုရာ ခရီး ရောက်အောင် မောင်း၍
ပြည်ဓညကို စောင့်ရှောက်ပါလေ သမီးသျှေ၊
ထိမ်းသိမ်းပါလေ သမီးသျှေ။
သျှင်သွီး(နတ်တောင်)
၂၀၊ ၉၊ ၂၀၁၃။ ညဥ့် ၁၀း၅၆ နာရီတွင် ရွီးဖွဲ့သည်။ အေကဗျာကို စပ်တုန်းကတော့ ကာရံယူပြီးကေ စပ်စော်ပါ။ စပ်တွင်း စပ်တွင်း ကာရံပျောက်လားရေ - (ဖခင် တစ်ယောက်ဧ့ ခံစားချက် မော်ဒန်ကဗျာဖြိုက်လားရေ)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment