*ရီပြာစိမ်းမြ ကစ္ဆပ သာလီသာစွ ကစ္ဆပ
အာရက္ခရို့  ကစ္ဆပ--ငါရို့ ကစ္ဆပ
ဗျာဒိတ်တော်ရ---ကစ္ဆပ
တသွင် သွင် စီးကျ---ကစ္ဆပ---။
*သဇင် ပန်းခိုင် တမြိုင်မြိုင်
ဇာပိုင် ဇာပိုင် ဖြစ်လားလေ
လက်ယာ လက်ဝဲ ကိုးဆယ့်ကိုးမြို့ 
ဇာမာပုန်းလို့  ပျောက်နီလေ--
အနုပညာ ဗိသုကာ
ဇာပိုင် နိမ့်လား ခလီလေ---
ပညာ အ မော် ကဝိကျော်
ထွန်းပေါ် မလာစွာ ကြာဗျယ် လေ-
သားကောင်း မဟာ မျိုးရာဇာ
ဇမ္ဗူကျော်ခစွာ ဇာမာလေ--
ဆန် ရီ စပါး သား ငါး သီးနှံ
ပေါပြည့် လျံ စွာ ဇာမာလေ---
အ နောက် တိုင်း ကုန် သ ဘောင်္တိ အခါခါ
ဝင် ထွက်လီ ခစွာ ဇာမာလေ---
စစ်ချီတက်သံ စစ်မောင်းသံ
သောသော ညံခစွာ ဇာမာလေ---
စစ် အောင် လံ တော် တလူလူ
ရွှင့်ထူနိုင် ခစွာ ဇာမာလေ---
အောင် စည် အောင် မောင်း ခြိမ့်ခြိမ့်ညောင်းလို့ 
ရွှီထီးဆောင်း ခစွာ ဇာမာလေ---
၁၂ မြို့ ဘင်္ဂါ အုပ်စိုးဗျာ
ဘုန်းမီးတောက် ခစွာ ဇာမာလေ---
ဗဟိုရ် စည်သံ အာကာယံမာ
မြည်သံဟိန် ခစွာ ဇာပိုင်လေ---
အမျိုးသီလ နှစ်ဌာနကို
စောင့်ရှောက်ခကတ်စွာ ဇာမာလေ---
အားလုံး ထိုရောက် ဒေရောက်ပျောက်--ပျောက်--ပျောက်-
*ဥသြရီသောက်
ကစ္ဆပ အိပ်ဆီးသောက်ပျာ
ကာလနဂါးနန့်  အပြိုင် အိပ်နီယင့်--
လောကကြီကို မိန့် နီန် ယင့်---
သားသျှေ သမီးသျှေ မြီးသျှေ မြစ်သျှေ--တီ--တွတ်သျှေတိ
ထိုရောက် ဒေရောက် တစတစ ပျောက်--ပျောက်--ပျောက်---
က ရောက် က ထောက်
ရှိကပုံရိပ် မှုန် ဝါး ပျောက်---။
*သြော်-ကစ္ဆပ-ကစ္ဆ-ထ--ထ--ထ
ကြက်ဖ သျှေ က တွန် နီ ဗျယ်
ရောင် နီ သျှေက လာနီ ဗျယ်
ကစ္ဆပ ထချိန် တန်နီ ဗျယ်---
အဖ ရင် ခွင် အားတင် မောင်းလို့ 
တသွင် သွင် စီးပါ ကစ္ဆပ---။
လေးဝတီ ထွန်းစိုးခိုင်
၂၆-၁-၂၀၁၁(ဗုဒ္ဓဟူးနိ)
No comments:
Post a Comment