အရိုးကို အရွတ်မဖုံးဖို့
ဓားထမ်းပြီး ပြောချင်လည်း ပြောရမယ်...လှဆွေရယ်..။
အသက်ကို စတေးခံနိုင်ပေမယ့်
မျိုးပျက်တော့ မခံနိုင်ဘူး .. လှဆွေ..။
အသက်နဲ့ လူလုပ်နေတာ မဟုတ်ပေမယ့်
အရှက်နဲ့ လူလုပ်နေတာပါ လှဆွေရယ်..။
မင်းပြောတဲ့ .. ဥပဒေ
ငါ ထုံးလိုမွှေ .. ရေလိုလည်း နှောက်ခဲ့ပြီ..။
ဒါပေမယ့် .. ဒါပေမယ့်ပေါ့.. လှဆွေရယ်
ငါမတွေ့ခဲ့တာတော့ အမှန်ဘဲ။

ခွေးပါးစပ်က နတ်စကားပြောတော့
လူလုပ်တဲ့ ငါတို့က ခံရုံက တစ်ပါး မရှိတော့ပါဘူး.. လှဆွေရယ်..။
လှဆွေရယ်..
မင်းမျိုးမင်းဆွေတွေ
ခဏကလေးဖြစ်ဖြစ်
ဒုက္ခဘုံဖြစ်တဲ့ .. ငါတို့နေရာမှာ
တန်တူရေးဖြစ်အောင် လာနေကြည့်ပါ ..။
ဒုက္ခဆိုတဲ့စကား ငါမပြောရက်ပေမယ့်..
မင်းသားသမီးတွေတော့ မျိုးပျက်မှာ
သေချာတယ်. ဘူလှဆွေရယ်..။
ဝေဟင်အောင်
၂၅၊ ၈၊ ၂၀၁၃။
No comments:
Post a Comment