ကြိုးပြတ်လားရေ ပခက်


 
 
အီးယောင်လွှဲရေ ပခက်သျှေ
ကကောင်း အီးမြရေ၊
ခြီချေလက်သျှေ လှုပ်လို့က
အီးယောင်ကြည့်မ၀။

ဆိုပြ ရီးပြ အက္ခရာ
သားလှ မမိပါ၊
ဆရာကျောင်းမာ အပ်ဗျာလ်ထား
ဘာဘာ တာဝန်လား။

ဖရား တရား သင်္ခါကို
ချိန်တိုင်း ဆည်းကပ်လို၊
ညီကို မောင်နှမ သူငယ်ချင်း
အီးမြမေတ္တာလင်း။

ကျင်ကွင်း ရထားပြိုင်လောင်းမကျန်
ရိုးရာ သံကျပ်ဝီ၀ီညံ၊
စာသံပီသံ ယင်းသဘော
ဖော်ပြ ထိုမနော။

ထိုရော ဒေရော ဟင်းပေါင်းပိုင်
ဒေနိ မျိုးရခိုင်၊
ကိုယ်ပိုင်နာမ ချောင်းထဲကျ
ရှာလို့ဖွီလို့မရ။

မိဖ ဖိုးဖီး အဇူအဇာ
ထိန်းခ ထိုရိုးရာ၊
ဂုခါ သားချစ် အမင်မကြိုက်
နော်ကဆံထုံးကို ကိုက်။
ဖိုးထိုက်တန်ယင့် ရက္ခမြီ
ငါရို့တာဝန်မကျီ၊
ပျက်လီပြိုလီ ၀ဲသတ်ထား
နောင်လာ “ယကိုင်တား”။

သျှင်သွီး(နတ်တောင်)
၁၇၊ ၉၊၂၀၁၃။

No comments:

Post a Comment