အမောင်တက္ကသိုလ်ကျောင်းသား ဘွဲ့ရ

အမောင် တက္ကသိုလ်ကျောင်းသား ...
အိမ်ကလာခါ
အမိမှာလိုက် ပညာလိုက်ဖို့
သားမောင် လိမ္မာ ပြန်လာစီချင်
ပညာယူခ ဘွဲ့ယူခလတ်။

အမောင် တက္ကသိုလ်ကျောင်းသား ...
တက္ကသိုလ် နီမြီ
ခြီချမိခါ ..
ဆလိပ်သောက်လိုက်၊ ကွမ်းစားလိုက်နန့်
အရက်သောက်လိုက်၊ ချဲထိုးလိုက်နန့်
ဘောပွဲကြည့်လိုက်၊ ဘောလောင်းလိုက်နန့်
ဂီတာတီးလိုက်၊ စော်ဖန်လိုက်နန့်
အိမ်က ဖဲသာ မှာလိုက်ပါမူ
အကြွီးဆပ်လိုက်၊ ကုန်လားလိုက်နန့်
ထိုထိုပညာ သင်လာလေ၏။

အမောင် တက္ကသိုလ်ကျောင်းသား ...
ကျောင်းကြီးပိတ်လို့
အိမ်ပြန်လတ်ခါ
(BA)ဘီအေမရ  (BE)ဘီအီးရလို့
သေသောက်ကြူးဘွဲ့
ထမ်းလာလျှက်
ခံရသူမှာ မာတာမိခင်၊ ကျွေးဖခင်တည်း။

သျှင်သွီး(နတ်တောင်)
၃၁၊ ၁၀၊ ၂၀၁၃။
စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်သို့ အနယ်နယ်အရပ်ရပ်က အဝေးသင်ဖြေဆိုဖို့ရောက်နီကတ်တေ တက္ကသိုလ်ကျောင်းသား/သူတိဧ့ သောင်းကျမ်းမှုကို မြင်ယင်း ကဗျာ တစ်ပုဒ်အဖြစ် ရွီးဖြည့် ခံစားကြည့်သည်။ အားလုံး ထပ်တူကျလိမ်မယ်လို့ ထင်ပါရေ -

ခြီဆီးခွက် ...



အရီသမီး စတိုင်ပိုလို့
ကိုးရီးယားဟန် အောက်စလန်ဗျာလ်
ယိုသူမရှက် မြင်သူရှက်တေ။

အခင်သမီး ခေတ်နောက်လိုက်ကေ
နောက်စိပ် ရှေ့စိပ် ဘေးစိပ်ဝတ်ဗျာလ်
လူပျိုတတိုင်း မခံနိုင်အောင်
ကျိကျိတက်ဗျာလ် ကြည့်နီကတ်တေ။

အရီနန့် အခင်
ခေတ်ဆိုး ခေတ်ယုတ် စနစ်ယုတ်မှာ
ရက္ခိတလက်နက် အသိသွင်းဗျာလ်
အမျိုးကို စောင့် သီလစောင့်ဖို့
သတိသွင်းပီး မမိန့်လီကဲ့။

အရီနန့် အခင်
ရက္ခိတလက်နက် အသုံးမချကေ
အခင်သမီး ....
အမျိုးမသိ၊ သီလမသိ
မသိခြင်းနောက်....ကောက်ကောက်လိုက်ဗျာလ်၊
(နောက်ဆုံး ..) လင်လည်းမရ
ကျားလည်းမကိုက်..
မြောင်တန်းထဲမှာ ခြီဆီးခွက်ရာဖြိုက်နီဖို့ယေ.။

သျှင်သွီး(နတ်တောင်)
၂၉၊ ၁၀၊ ၂၀၁၃။

ကဗျာကတော့ရိုင်းရေလို့ထင်ပါလိမ့်မယ်။ ရိုင်းကေလည်း မတတ်နိုင်ဗျာလ်..။ ပြတ်ပြတ်ချေ ပြင်းပြင်းချေ တစ်ပုဒ် ရွီးပီးလိုက်ယင့်။

ကိုယ်ထူး ကိုယ်ထ ရခိုင်သား


မိုးကြီး လီကြီး လာပါရေ
မက္ကလာယူခ
အို... ယောက်ဖ
ယောက်ဖ မက္ကလာ
မဆောင်းပါ
တောမှာ ပေါက်ဖက်ဟိလီယင့်။

ပေါက်ဖက်ရှာဖို့
တောထွက်ခါ
တောတိလည်း ပြုန်း
တောင်ဂေါင်းတုံး....
ပေါက်ပင်ကားတွိ့
ပေါက်ဖက် မတွိ့
မိုးဒဏ် လီဒဏ် ခံလီဖိ။

မက္ကလာက အဆင်မပြေ
ထီးရိပ်ခိုဖို့ လုပ်ကတ်တေ
ထီးက ငယ်လို့ လူကို မဖုံး
နပူဖောက်လို့ ကိုယ်တုံးလုံး။

ထီးရိပ်လည်းမရ
မက္ကလာလည်း မဟိ
ရခိုင်သားတိမှာ ဒုက္ခတွိ
ကူသူမဟိ ကယ်သူမဟိ
ကိုယ်ထူ ကိုယ်ထ ရခိုင်သား
ရခိုင်သားလေ.. နာစွလေ။

သျှင်သွီး(နတ်တောင်)
၂၃၊ ၁၀၊ ၂၀၁၃။

ရခိုင်သဘာဝတေးကဗျာစပ်နည်း

အခန်း (၁)

ရခိုင်သဘာဝတေးကဗျာစပ်နည်းစပ်ဟန်ကို လေ့လာသူ သိဟိရအချက်များ

လူပေါ်စခေတ်ကတည်းကပင် တေးကဗျာများလည်းဆင်းသက်လာပါသည်ဟု ဆိုလီသည်။ စာပီထက် ကဗျာကရှေးကျပါသိမ့်၏။ ဇာကြောင့်ဆိုသော် မွီးဖွားစကပင် မိခင်သည် တေးကဗျာကိုဆို၍ အချေကိုချော့သည်။ မအိပ်,အိပ်အောင်သိပ်၍ အိပ်ပျော်စီသည်။ ယင်းသို့ကဗျာဖြင့် မွီးမြူလာရခြင်းဖြစ်သည်။

မှတ်ချက်။ ။ကဗျာစပ်ရာ၌ ကာရန်နောက်သို့ဂျည်းလိုက်၍ မရေးစပ်သင့်။ အဓိပ္ပါယ်နောက်သို့လိုက်၍သာ ကာရန်ကိုယူ၍ ရေးစပ်သင့်ပါသည်။

ဥပမာ။ ။(၁) ကာရန်သာစပ်၍ အဓိပ္ပါယ်မစပ်ခြင်းမျိုး။
(၂) အဓိပ္ပါယ်သာစပ်၍ ကာရန်မစပ်ခြင်းမျိုး။
(၃) အဓိပ္ပါယ်လည်းမစပ် ကာရန်လည်းမစပ်ခြင်းမျိုး။
(၃) အဓိပ္ပါယ်လည်းစပ် ကာရန်လည်းစပ်ခြင်းမျိုး။

ဤလေးမျိုးရို့တွင် နံပါတ်(၁)အမျိုးအစားသည် ကဗျာလေ့လာသူများအတွက်သာ အသုံးပြုသင့်သည်ဆို၏။ (၂) နှင့် (၃) အမျိုးအစားကိုကား မသုံးသင့်ဟူ၏။ (၄) အမျိုးအစားကိုကား ကဗျာရေးစပ်သူတိုင်း ပိုင်ပိုင်ကျင့်သုံးလားရမည်ဖြစ်သည်။

ယင်းသို့ကျင့်သုံးရန်မှာ-
(၁) လိုအပ်သောစကားလုံးအတွက် ကာရန်ရအောင် ရှာနိုင်စွမ်းဟိရမည်။
(၂) ရဟိလာသောကာရန်ကို လိုအပ်သောအဓိပ္ပါယ်သို့ အံဝင်အောင်အသုံးပြုနိုင်စွမ်းဟိရမည်။

ရခိုင်သဘာဝတေးကဗျာများဖွဲ့စည်းစပ်ဟပ်နိန်ပုံ ပုံသဏ္ဍာန်ကိုသိသာရန်အချက်များ

ကျွန်ုပ်လေ့လာသိဟိသလောက် ရခိုင်သဘာဝတေးကဗျာများတွင်-
(၁) ရခိုင်ဒေသန္တရသုံး စကားသံကာရန်ကိုအသုံးပြုများခြင်း၊ စကားပြောပုံစံမျိုးသီကုံး ခြင်းများပါဝင်ခြင်း။
(၂) ကာရန်အချိန်၊အဆက်၊ ကာရန် သွယ်စပ်ပုံ၊ ထပ်ပုံနည်းအများအပြားချဲ့ထွင်ပါဝင် သုံးထားခြင်းကြောင့် ကာရန်ယူရန်လွယ်၍ ကာရန်ယူပုံလွတ်လပ်ခြင်း။
(၃) သီဆိုကောင်းရန် အစပ်အဟပ်မျိုးဖြစ်ခြင်း။
(၄) သီဆိုကောင်းရန်အတွက် အသံနိန်အသံထားမျိုးစပ်ဆိုပါဝင်စီခြင်း။
(၅) အသံအနိန်အထား တမျိုးတည်းထွက်လျှက် နားညိန်းဖွယ်စီမှုမဖြစ်စီရဘဲ (အသံ)အမျိုးမျိုးထွက်ပေါ်လာအောင် သံနိန်သံထားမျိုးဖြင့်စပ်ဆိုထားခြင်း။
(၆) စပ်နည်းစပ်ပုံများမှာ ရခိုင်သခြင်းစပ်ပုံဟန်၊ ရခိုင်သံချပ်စပ်ပုံဟန်၊ တုံး (ဒုံး)ခြင်းများစပ်ဟန်များ ဆင်တူသောစပ်ဟန် အမျိုးမျိုးရောနှောဖွဲ့စည်းပါဝင်ခြင်း။
(၇) နည်းစနစ်ရလျှင် လွယ်ကူသောစပ်နည်း မျိုးဖြစ်စီခြင်း။



-------------------

ဝန်ခံချက်။ ။ ရခိုင်သမိုင်းသုတေသီ အသျှင်စက္ကိန္ဒ၏ “ရခိုင်သဘာဝတေးကဗျာများ” (အမှတ် ၄၄၊ ၃၆ လမ်း၊ မြန်မာကြော်ငြာပုံနှိပ်တိုက်မှ ၁၉၆၁ ခုနှစ်ထုတ်ဝီ) စာအုပ်မှ ထုတ်နှုတ်လို့ ကိုယ့်ပိုင်စာ ကိုယ်ပိုင်ဘာသာသို့ ပြန်ဆိုထားပါသည်။

ရခိုင်အလင်းရောင် ဘလော့က ကူးယူဖော်ပြထားသည်။ 

ကဗျာစပ်နည်း



ဆရာ သမားနှစ်ဦးဖြစ်တေ လေးဝတီ ခိုင်ကျော်နန့် ဆရာ သူမြတ်ရို့ပါးက နည်းခံပြီး ကျနော် နားလည်ရေပိုင် ပြန်တင်ပီးလိုက်စော်ပါ။ အစတုန်းက ကျနော်လည်း ကာရံကို နားမလည်ပါ။ ကဗျာဆိုဂေ အေအတိုင်း စပ်ပစ်လိုက်စော်ဗျာလ်။ နောက်မှ ဆရာတိက ပြောပြပြီးမှ ကာရံ၏ သဘောကို နားလည်လာရေ။ ကရံကဗျာ စပ်ခြင်း မစပ်ခြင်းထက် နားလည်ထားသင့်စော်တော့ အမှန်ပါ။ တခြားလူတိလည်း အဆင်ပြေအောင် ကျနော် နားလည်ရေပိုင် ရွီးပြီးကေ တင်ပီးလိုက်ပါယင့်..။

ဆရာ့.. ဆရာဦး



ဆရာ....
သင်ပုန်အမဲမှာ ဖြေဖြူခဲဖြင့်
ပညာပန်းခင်း ပွင့်စေသူ။

ကဗျာဆရာ...
စာရွက်ဖြူတွင် မှင်ပြာစာလုံး
ပုံသွင်းပြုသည် ရသရနံ့သင်းစေသူ။

ပန်းချီဆရာ....
ပိတ်စဖြူဖြူမှာ ရောင်စုံစုတ်ချက်
ပုံဖော်ပြုသည့် စိတ်သွားရာကို
နှလုံးသားဖြင့် ပုံဖော်သူ။

ဆရာ့ ... ဆရာဦး....
အူဝဲ အော်မြဲ
လောကထဲကို ၅၂၈ မေတ္တာလက်ဖြင့်
သွင်းခေါ်လာသူ...။

တွားတတ် သွားတတ်
ခေါ်ဆိုတတ်ရန်...
ဝတ်တတ် စားတတ်
ထိန်းသိမ်းတတ်ရန်...
အတတ်သင်ပေး
မိဘပေတည်း
ပုဗ္ဗာစရိယ မိနဲ့ဖဟူသည်...
ဆရာ့..ဆရာဦးပင်ဖြစ်ပေသည်...။

သျှင်သွီး(နတ်တောင်)
၂၀၊ ၁၀၊ ၂၀၁၃။

ဗုံးအန္တရာယ် ကင်းရှင်းပါစေ


စိုးထိတ် ခြောက်လှန့်မှုတွေနဲ့ပေါ့
ငါတို့ရဲ့ မသာယာတဲ့
နေ့တွေကို
အကြောက်အလန့်တွေနဲ့
ဖြတ်ကျော်နေရတယ်..။

ရန်သူရဲ့ လက်နက်ပုန်းတွေကြား
ကြောင်တစ်ကောင်ရဲ့လက်သည်းလို
ကွယ်ဝှက်မှုကို
ငါတို့တတွေ မမြင်နိုင်သေး။

“လက်သည်မဲ့ ဗုံးတွေ
ပေါက်လိုက်တာများ
သောက်သောက်လဲပေါ့..”

လူမမည်လေးလို
နာဖျားမှုအောက်မှာ
ကယ်သူမဲ့ မျက်နှာတွေနဲ့
ဒီတစ်နေ့ကို ငါတို့ဖြတ်ကျော်ရင်း
ပြည်မြန်မာ ဗုံးကင်းပါစေ
ငြိမ်းချမ်းပါစေ .. ဆုတွေ ခြွေနေမိတယ်..။

ဝေဟင်အောင်
၁၅၊ ၁၀၊ ၂၀၁၃။

ယာသျှင်ကို မျောက်နှင်ခြင်း

# မှတ်တမ်းမဟိရေဇာတ်လမ်း
ဇာတ်ညွန်းရွီးမိရေခါ
ဂေါင်းတခြားဖင်တခြား
အမှားတိကမကန်ဗျာယ်မလားယေ။

# အမှားတရံ
အမှန်တခုဆိုဂေ
တရားခွင်ကလူမိုက်
အခါခါပြစ်မှားလိုက်ကေ
အမှန်တရားဆိုစွာ
ထားဖို့ နီရာတောင် ဟိဖို့ သိမ့်လားဂု။

# လွဲမှားနီရေ အမှန်တရားတိနန့် 
စွဲချက်မခိုင်ရေအမှုတွဲတိထဲမှာ
တရားလိုက တရားခံဖြစ်
မမိုက်လိုက်တေ ဒေဇာတ်လမ်းမှာ
အမှားကြာဂေ....
အမှန်ဖြစ်စွာနန့် 
နိဂုံးချုပ်လိုက်ရဖို့ ဗျာယ်လား ယဂေ။

သျှင်းသန့် (ပုဏ္ဏားကျွန်း)

အချစ် မိုင်တိုင်းများ



သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက်
အပူမီးကို ငြိမ်းသတ်နိုင်ဖို့
သံသရာလမ်းမှာ
ငါ . လမ်းလျှောက်ထွက်ခဲ့တယ်..။

လက်လှုပ်မှ ၀မ်းဝတဲ့..သူ
ခြေလှုပ်မှ ၀မ်းဝတဲ့.. သူ
ပါးစပ်လှုပ်မှ ၀မ်းဝတဲ့..သူ
ချွေးဒီဒီကျမှ ၀မ်းဝတဲ့..သူ
သူ..သူ...သူတွေ .. .. .။

အသက်တစ်ချောင်းအတွက်
အသက်တစ်ချောင်းဖြင့်
အသက်ဆက်သူတွေဖြင့်
သံသရာ ၀ဲဂယက်ထဲမှာ
ငါ .. တွေ့ခဲ့ရတယ်...။

ပထမ မိုင်တိုင်းကို ငါကျော်ဖြတ်ခဲ့ပြီးပြီ
ဒုတိယ မိုင်တိုင်းမှာ ငါဆက်လျှောက်ဆဲ..
ရက်ကိုလည်း ငါစားခဲ့တယ်...
လကိုလည်း ငါစားခဲ့တယ်..
နှစ်ကိုလည်း ငါစားခဲ့တယ်..
စားရင်း.. စားရင်းနဲ့ပေါ့..
မရပ်မနားဘဲ...
တတိယမိုင်တိုင်းနားကို ငါလျှောက်လာနေတယ် ... ။

ဒီခရီးလမ်းမှာ
မင်းလျှောက်.. ငါလျှောက်
ဆက်လျှောက်ရင်းနဲ့
ငါ..လက်ကို ဖျက်ညှစ်ရင်း
မင်း .. ငါနောက်က လိုက်ခဲ့တယ်...
ရုပ်ဝတ္ထုတွေ တိုးတက်နေပေမယ့်..
အဲဒီအထဲမှာ မင်းအတွက်ဆို
ငါ့ခန္ဓာ စတိုင်းဆိုင်ထဲက
အချစ်တွေကို ရွေးထုတ်ပြီး
မင်းအတွက် ငါ..ပုံအောပေးခဲ့တယ်..။

ဝေဟင်အောင်
၉၊ ၁၀၊ ၂၀၁၃။

ပို့စ်မော်ဒန် ကဗျာ တစ်ပုဒ်ကို စမ်းသပ်ကြည့်ခြင်းဖြင့် ရေးစပ်သည်။

လာဂတ်ဖိ


*ဓည၀တီ..
နာမမွှီးကြိုင်၊ ပြည်ရခိုင်ကို
ဖီးစိုင်မြီးဆက် ၊ အမွီပျက်ယောင်
ဗြီးထွက်ယှောင်ပုန်း နီးစွာလား။

**ဝေသာလီ
လေးမြစ်နဒီ လေးဝတီနန့်
ကိုယ့်မြီဒေကမ်း၊ ဘ၀၀မ်းကို
ခွဲခြမ်းမိပျောက်၊ ထားစွာလား။

***လေးမြို့
စကားမတူ၊ ထိုထိုလူကြား
ခိုနားပျော်ရွှင်၊ ချိုက်ပွဲဆင်လို့
သဇင်ကိုချိုး၊ ဇလပ်ပျိုးဗျာလ်
ခေါင်းရိုးမမိုးချင်ယာလား။

****မြောက်ဦး
မောင်ရို့ဌာနီ၊ ကိုယ့်ရပ်မြီသည်
မြစ်ရီတိနောက်၊ ခြီရာပျောက်လို့
ဇာလောက်ပဲ့ယွဲ့၊ လာလို့ကြည့်ပါ။

$$အော်.. အကိုကြီးရို့
စာပီစကား၊ ကိုယ့်မျိုးသားဧ့
ပင်ဖျားထက်စံ၊ သဇင်တံကို
ဖဲ့လှန်မပြု ကမ္ဗည်းထုဖို့
အဂုကြားချင်း လာပါဖိ။

သျှင်သွီး(နတ်တောင်)
၅၊ ၁၀၊ ၂၀၁၃။

ကမ်းမြောင်း လှိုင်းသံ

"ကစ္ဆပနဒီ | ဤသည်ညာမွန်
ယာဉ် ထန်တက်သက် | ပင် လယ်ထွက်မျှ
နှစ်ဘက်ကမ်းပြီ | ဖြား ရီ မှီ ဝယ်"
ဖဒူမင်းညို စီချယ် ခ ရေ
ဂန္ထဝင် ပန်းချီ ကား ချပ်
ဒေမြစ်ပြင်ဧ့ ပါး နှစ်ဘက် မာ
ရာသီဆိုးတိ ခြီဖျက် တိုက်စား
သမ္မာအာဇီဝ သနပ်ခါးတိ
မျက် ရည် ဖြစ်လားလီခ---
အမင် ရခိုင့် ပင် လယ် ပြင်ဧ့ ရင် ဘတ်ထက်မာ
မိစ္ဆာဒိဌိ ဝိသမလှိုင်းယက်မည်းတိ ကခုန်
ချင် တိုင်း ရိုင်း ပြ နီ ပုံ က---
အမင့် နှလုံးအိမ် ထဲမာ
ယာသူမ ဧ့ ငိုခြင်း တိ ဟိ ရေ
တံငါ သည် မဧ့ လွမ်းခြင်း တိ ဟိ ရေ
ဝါးသည် ဆားသည်မ ဧ့ တမ်းခြင်းတိဟိရေ
ဟိရေ-------- ဟိရေ
ဒေမြစ်နန့်  ဒေ ပင် လယ် က
သောက ဗျာပါရ တိကို လွယ်ပိုး
ဝေဒနာ ဆိုး တထွီး နန့် 
ရင် ဘတ် စည် တီး
မျက် ရည် မိုး ကြီး တဝါးဝါးစီး နီယင့်။ ။

----လေးဝတီခိုင်ကျော်----
(ဒီဇင် ဘာ/2009)(စာနယ်ဇင်းအပယ်ခံကဗျာ)

ရှေ့သို့ ..........

√ အသိခေါက်ခက်
အ၀င်နက်
သွီးစိမ်းစက်လက်
မာယာလက်မှာ
အသက်ထွက် ။

√ အားကောင်းမောင်းသန်
ဇာတိမာန်
နင်းပြားဘဝ
ဖျက်စီးခ
ပျက်စီးရ. ။

√ ဟောင်းရက်ကုန်
ဖြစ်ကြောင်းစုံ
လီကုန်ခံ မပြောဂတ်တမ်း
နိသစ်ကို တွဲလက်ခေါ်ယင်း
အနာဂတ် ရင်ခွင်ထက်
အမျိုးအတွက်
သွီးတစက်
ပီးအသက်
ရှေ့ဆက်.....
ရှေ့သို့ ........ဆက်။

သျှင်းသန့် (ပုဏ္ဏားကျွန်း)

လူလွယ်အိတ်(၂)

# “အား အား အား
ညီညွတ်မှုအား
စည်းရုံးမှုအား”
ခိုင်ကျော်လင်းဆိုထား
တေးခြင်းစာသား
ရခိုင်သား ကြားဂတ်ယင့်လား...။

# ဒေနိရခိုင်သား
ဖောင်ဖျက်ဝါး
ခြံဖောက်နွား
ဇာတ်တူသားစား
စံရဖွေသား လူအများ.....။

#"လိုက်ဖို့ လား........
ရှေ့ မှာလားဗျာယ်တနးစီခီ
လိုက်ဖို့ လား......
အားလုံးနောက်မှာတန်းစီ”
နှိုးဆွသံစိုင်
ဝင်းကိုခိုင်က
ဆိုဗျာယ်ပြလဲ
ရှေ့ လဲမထိုက်
နောက်မလိုက်တေ..
လူလွယ်အိတ်များ သတိထား ။

သျှင်းသန့် (ပုဏ္ဏားကျွန်း).