ဆရာ့.. ဆရာဦး
ဆရာ....
သင်ပုန်အမဲမှာ ဖြေဖြူခဲဖြင့်
ပညာပန်းခင်း ပွင့်စေသူ။
ကဗျာဆရာ...
စာရွက်ဖြူတွင် မှင်ပြာစာလုံး
ပုံသွင်းပြုသည် ရသရနံ့သင်းစေသူ။
ပန်းချီဆရာ....
ပိတ်စဖြူဖြူမှာ ရောင်စုံစုတ်ချက်
ပုံဖော်ပြုသည့် စိတ်သွားရာကို
နှလုံးသားဖြင့် ပုံဖော်သူ။
ဆရာ့ ... ဆရာဦး....
အူဝဲ အော်မြဲ
လောကထဲကို ၅၂၈ မေတ္တာလက်ဖြင့်
သွင်းခေါ်လာသူ...။
တွားတတ် သွားတတ်
ခေါ်ဆိုတတ်ရန်...
ဝတ်တတ် စားတတ်
ထိန်းသိမ်းတတ်ရန်...
အတတ်သင်ပေး
မိဘပေတည်း
ပုဗ္ဗာစရိယ မိနဲ့ဖဟူသည်...
ဆရာ့..ဆရာဦးပင်ဖြစ်ပေသည်...။
သျှင်သွီး(နတ်တောင်)
၂၀၊ ၁၀၊ ၂၀၁၃။
No comments:
Post a Comment