ဗုံးအန္တရာယ် ကင်းရှင်းပါစေ
စိုးထိတ် ခြောက်လှန့်မှုတွေနဲ့ပေါ့
ငါတို့ရဲ့ မသာယာတဲ့
နေ့တွေကို
အကြောက်အလန့်တွေနဲ့
ဖြတ်ကျော်နေရတယ်..။
ရန်သူရဲ့ လက်နက်ပုန်းတွေကြား
ကြောင်တစ်ကောင်ရဲ့လက်သည်းလို
ကွယ်ဝှက်မှုကို
ငါတို့တတွေ မမြင်နိုင်သေး။
“လက်သည်မဲ့ ဗုံးတွေ
ပေါက်လိုက်တာများ
သောက်သောက်လဲပေါ့..”
လူမမည်လေးလို
နာဖျားမှုအောက်မှာ
ကယ်သူမဲ့ မျက်နှာတွေနဲ့
ဒီတစ်နေ့ကို ငါတို့ဖြတ်ကျော်ရင်း
ပြည်မြန်မာ ဗုံးကင်းပါစေ
ငြိမ်းချမ်းပါစေ .. ဆုတွေ ခြွေနေမိတယ်..။
ဝေဟင်အောင်
၁၅၊ ၁၀၊ ၂၀၁၃။
No comments:
Post a Comment