အရီသမီး စတိုင်ပိုလို့
ကိုးရီးယားဟန် အောက်စလန်ဗျာလ်
ယိုသူမရှက် မြင်သူရှက်တေ။
အခင်သမီး ခေတ်နောက်လိုက်ကေ
နောက်စိပ် ရှေ့စိပ် ဘေးစိပ်ဝတ်ဗျာလ်
လူပျိုတတိုင်း မခံနိုင်အောင်
ကျိကျိတက်ဗျာလ် ကြည့်နီကတ်တေ။
အရီနန့် အခင်
ခေတ်ဆိုး ခေတ်ယုတ် စနစ်ယုတ်မှာ
ရက္ခိတလက်နက် အသိသွင်းဗျာလ်
အမျိုးကို စောင့် သီလစောင့်ဖို့
သတိသွင်းပီး မမိန့်လီကဲ့။
အရီနန့် အခင်
ရက္ခိတလက်နက် အသုံးမချကေ
အခင်သမီး ....
အမျိုးမသိ၊ သီလမသိ
မသိခြင်းနောက်....ကောက်ကောက်လိုက်ဗျာလ်၊
(နောက်ဆုံး ..) လင်လည်းမရ
ကျားလည်းမကိုက်..
မြောင်တန်းထဲမှာ ခြီဆီးခွက်ရာဖြိုက်နီဖို့ယေ.။
သျှင်သွီး(နတ်တောင်)
၂၉၊ ၁၀၊ ၂၀၁၃။
ကဗျာကတော့ရိုင်းရေလို့ထင်ပါလိမ့်မယ်။ ရိုင်းကေလည်း မတတ်နိုင်ဗျာလ်..။ ပြတ်ပြတ်ချေ ပြင်းပြင်းချေ တစ်ပုဒ် ရွီးပီးလိုက်ယင့်။
No comments:
Post a Comment